Invitation of Design donation for Flood Area in Myanmar
ယခုအခါ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှု သဘာဝဘေးအန္တရာယ်ကို တွေ့ကြုံ ခံစားနေရ ပါသည်။ရေဘေးအန္တရယ်ကျရောက်ခဲ့သော ဒေသများမှ အများပြည်သူလူထုနှင့်အတူ Association of Myanmar Architects ( AMA ) အသင်းအနေဖြင့် ထပ်တူဝမ်းနည်းရပါသည်။ Association of Myanmar Architects (AMA) အသင်းသည် အသိပညာရှင် အတတ်ပညာရှင် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ရေဘေးသင့် ဒေသများသို့ပြန်လည် ထူထောင်ရေးနှင့် နောင်အနာဂါတ်တွင် ဖြစ်ပေါ် လာနိုင်သည့် သဘာ၀ ဘေးအန္တရယ်များကို ကြိုတင်ကာကွယ် ခိုလှုံနိုင်ရန်အတွက် အဆင်ပြေစေရန်ရည်ရွယ်၍ မိမိတို့၏အသိပညာ အတတ်ပညာများကို အခြေပြုကာ Architectural Building Designs များကို ရေဘေးသင့်ဒေသများသို့ ရေးဆွဲလှူးဒါန်းသွားရန် ဆုံးဖြတ်ခဲ့ပါသည်။
ထို့ကြောင့် Association of Myanmar Architects (AMA)အသင်းသားများအနေဖြင့် မည်သူမဆို တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပါဝင်လှူဒါန်းကြပါရန် ပန်ကြားအပ်ပါသည်။
အသင်းအနေဖြင့် လာရောက်လှုဒါန်းသော Architectural Design များကို ကူညီ စီစစ် အကြံပြုသွားမည်ဖြစ်ပြီး အချိန်တိုအတွင်း Design Donation Catalogue ပြုလုပ်၍ ရေဘေးသင့်ဒေသများအတွက် Published ပြုလုပ်လှုဒါန်းမည်ဖြစ်သည်။ အဆောက်အဦ ဆောက်လုပ်လှူဒါန်းလိုသည့် မည်သည့် အလှူ ရှင်ကို မဆို အလှူ ရှင်ဆောက်လုပ်လှူ ဒါန်းလိုသော Architectural Design ရေးဆွဲသည့် Architect နှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည်ဖြစ်ပြီး လိုအပ်သည်များကိုလည်း အသင်းမှ အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လှူဒါန်းနိုင်သည့် Buildingအမျိုးအစား – သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးနှင့် အနာဂါတ်တွင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် ခိုလှုံနိုင်ရန်အတွက် သင့်လျော်သောမည်သည့် အဆောက်အဦအမျိုးအစားကိုမဆို လှူဒါန်းနိုင်ပါသည်။(School, Clinic, Monastery, Houses, etc.)
နောက်ဆုံးလှူဒါန်းရမည့်ရက် – 22nd August, 2015. 4:00 PM
လှူဒါန်းရမည့်နေရာ – AMA Office, အမှတ်(၂၂၈-၂၃၄)တတိယထပ်၊ မြို့ပြနှင့်အိမ်ရာဖွ့ံ့ဖြိုးရေးဦးစီးဌာန၊ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်းနံပါတ် – ၀၉၇၃၁၅၄၄၆၀
Design လှူဒါန်းသူများအနေဖြင့် Schematic Design အဆင့် အနည်းဆုံးတင်သွင်းပေးပါရန်နှင့် PDF or JPEG Format ဖြင့် Data CD, Soft Copy နှင့် Hard Copy A3 Size ကိုပူးတွဲ၍ လှူဒါန်းပေးရန် ပန်ကြားအပ်ပါသည်။